Friday, September 10, 2010

အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ရဲ့အစ

အဲဒိအခိုက်အတန့်လေးမှာ...
မသိစိတ်ရဲ့ စေစားရာနောက် မျောပါသွားလိုက်တာ...
ပတ်ဝန်းကျင်နဲ့ ခဏလောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်။

အိုးးးး... တကယ့်ကိုပဲ။
သူငယ်ချင်းက မျက်နှာရိပ်နဲ့ လှမ်းပြီး သတိတွေ ပေးနေတာကိုလဲ သိနေတယ်။
သိပ်သိသာနေလို့လား သူငယ်ချင်းရာ။
ငါလဲ ထိန်းတာပါပဲ။
မနိုင်တာတော့ မတတ်နိုင်ဘူးကွာ။

သတိထားနေရင်းက စိတ်တွေ လွတ်လွတ်သွားပြီး မှင်သက်နေမိပြန်တယ်။
သိစိတ်နဲ့ မသိစိတ် အကြိတ်အနယ်ပါပဲ။
သိစိတ်လေးခမျာ မသိစိတ်ရဲ့ အနိုင်ကျင့်တာကို အလူးအလဲ ခံနေရရှာတယ်။

လူလစ်တာနဲ့ သူငယ်ချင်းက “ဟိတ်ကောင်ကြီး.. မင်းမျက်နှာကြီးက ပြုံးဖြီးနေတာပဲ”တဲ့။
“အေး ငါကိုယ်တိုင်လဲ သိနေတယ်... အဟီး”လို့ပဲ ပြောလိုက်နိုင်တယ်။
အဲ့လောက်တောင် ဖြစ်ခဲ့ရတယ်။
တကယ်ပါ၊ တကယ်ကြီးပါ။

သူငယ်ချင်း...
ငါ့ရဲ့ သူငယ်ချင်းလေး
မင်း. မင်း.. တကယ့်သူငယ်ချင်းကောင်းပါပဲ..... ကွာ

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

ဟုတ်တယ်လေ။
ဒီကောင်ကြီးက သူ့အသိတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ပြောလို့ အခုဒီကို ရောက်နေရတာ။
မင်းသိပ်ကြိုက်တဲ့ typeပါတဲ့။
ပြောခဲ့ဖူးသေးတာ အခုမှ ပြန်သတိရသွားတယ်။
ကြည့်ပါအုံးဗျာ။
ချစ်ချာလေးလို့သာ ရူးပေါပေါလေး ပြောလိုက်ချင်တော့တယ်...

ရင်ထဲမှာလည်း ဖိုးသိုးဖတ်သတ်၊ ကျလိကျလိ၊ ဟိဟိဟိ...
ဖြစ်နေတာတွေ၊ ဖြစ်နေတာတွေ။
ဒါတွေလဲသိနေတယ်...

ဒီလို ကိစ္စမျိုးမှာ ဆရာကြီး မဟုတ်သလို၊ သူငယ်__စားလဲ မဟုတ်ရပါ။
နို့ပေမဲ့... ဘယ်လိုကြီး ဖြစ်နေမှန်းကို မသိတာ။
အတွင်းထဲမှာ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေကိုတော့ ငါမတားနိုင်ဘူးမောင်။

ငါထိန်းနိုင်တာက အပြင်ကို ဗြစ်ခနဲ ပန်းမထွက်ဖို့ပဲ။
ထိန်းးးးး ထိန်းးး ထိ န်းေ န ပါ တ ယ်..

စိတ်ထဲမှာ ကြိတ်ပြောလို့တော့ ရတယ်ဟုတ်?.?.?

မြင်မြင်ခြင်းပေမဲ့ မင်းသိပ်ဆိုးတယ် ကလေးရယ်၊ မင်းသိပ်ဆိုးတယ်။
တကယ်ပါပဲ။
ဘာလို့ ဒီလောက်တောင်မှ ချစ်ဖို့ကောင်းနေရတာလဲ?
“ဖြေ အခုဖြေ”

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

မင်းလေး...

မပြုံးပါနဲ့ကွာ... မပြုံးပါနဲ့...

မင်းပြုံးလိုက်တိုင်း အတင်းကာရော ကုပ်ခဲခံနေရတဲ့ ရှုးဖိနပ်ထဲက ငါ့ခြေချောင်းလေးတွေကို သနားရင်ပေါ့...

မရီလိုက်ပါနဲ့ကွာ... ကျေးဇူးပြုပြီး မရီလိုက်ပါနဲ့...

ဒီအပြုံးလေးတွေက ငါ့လက်တွေ တုန်ယင်သွားအောင် လုပ်နိုင်တာ။
တင်းကျပ်နေအောင် ဆုပ်ကိုင်ထားတာကို ခံနေရရှာတဲ့ ငါ့ရှေ့က ဖန်ခွက်ကလေးကသာ သိတာ။
မင်းကတော့ သိမယ်မထင်ပါဘူး...

စကားတွေပြောနေရင်းနဲ့လဲ တချက်တချက်လှမ်းမကြည့်လိုက်ပါနဲ့...

ကလေးရယ်
ငါ့ကို မရှိဘူးလို့ပဲ သဘောထားလိုက်ပါ။
ဒီလိုသာ ဆက်ကြည့်နေမယ်ဆိုရင် မင်းအကြည့်တွေ မခံနိုင်တဲ့ ငါ့မျက်လုံးတွေကို ငါဘယ်တော့မှ ပြန်ဖွင့်ရတော့မှာလဲ?

ခေါင်းငုံ့မျက်နှာလွှဲ?
ဒီလိုလဲ ငါမလုပ်နိုင်ပြန်ဘူး။

သေချာတာတော့.. မင်းအကြည့်တွေက ရိုးရိုးလေးရယ်ပါ။
ပြီးတော့ တခဏလေးပါပဲ။
ဒါပေမယ့် ငါ့မှာ အဆန်းတကြယ်တွေ ဖြစ်နေခဲ့ရတယ်။

ဝန်ခံပါတယ်...
သေစေလောက်တဲ့ ဒီအကြည့်တွေကြောင့် မှော်ဝင်သလို ငါ့ရင်ခုန်နေခဲ့တယ်...
တကယ်!!

♫♫...အကြည့်တစ်ချက်... ငါ့ရင်လောင်သွားတယ်...
အကြည့်တစ်ချက်... အသည်းထဲထိအောင် ခါသွားတယ်...♫♫

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

တကယ်ဆိုရင်
မင်းရဲ့ အပြုံး၊ မင်းရဲ့ အရီ၊ မင်းရဲ့ မျက်လုံးလေးတွေကို မင်းမသိလိုက်အောင် ခိုးကြည့်နေခွင့်လောက်ပါပဲ။
အခုအချိန်မှာတော့ အဲဒိလောက်သာ စွမ်းနိုင်တဲ့ ငါ့သတ္တိတွေကြောင့်...
မင်းလေး မသိသလို နေပေးပါကွာ။
ငါအခု မင်းလေးဆီက လိုချင်မိတာ အဲသည့်လောက်လေးပါပဲ။

သူငယ်ချင်း ..
မင်းဆီကလဲ ငါ၁ခုတော့ ခွင့်တောင်းချင်တယ်။
ငါ့ကို မင်းတို့ပြောနေကြတဲ့ စကားဝိုင်းထဲ ဆွဲမခေါ်ပါနဲ့လား။
မင်းက သူငယ်ချင်းကောင်း ပီပီသသနဲ့ ငါဝင်ပါလို့ရအောင် စကားတွေခင်း။
ဘေးက သူငယ်ချင်းရဲ့ တကယ့်အဖြစ်ကိုမှ မင်းမသိတာကွ။
ဖြစ်နိုင်ရင် ငါဝင်ပြောဖို့ မလိုလောက်မဲ့ အကြောင်းအရာတွေကိုသာ ရွေးပြောကြပါကွာ။
ငါဝင်ပြောလို့ ငါ့အသံတွေတုန်နေမှာကို ဘယ်သူမှ မသိစေချင်ဘူး။
အထူးသဖြင့် ကလေးလေး မသိစေချင်သေးဘူး။

အဲဒိနေ့က ပြန်လာတော့...
အညှို့ခံထားရတဲ့လူလို အဆိပ်ပြင်းတဲ့ ကလေးလေးဆီကိုပဲ ပြန်သွားချင်နေမိတယ်။
တခုခုကို မင်းဆွဲနှုတ်ယူထားလိုက်သလို ရင်ဘတ်ကြီးဟောင်းလောင်းနဲ့။
အဲဒိနေ့က အိမ်ပြန်ချိန်ဟာ သိပ်ကို အထီးကျန်ဆန်လွန်းခဲ့တာပေါ့။

တစ်ယောက်တည်းနေချင်တဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုကို အဲဒိတုန်းက မှားနေလားလို့တောင် သံသယဝင်မိသေးတယ်။
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ၊ ဒီနေ့ကို ဘယ်လိုကျော်ဖြတ်ရမလဲ?
ရင်ထဲမှာ ဟာတာတာကြီးဖြစ်နေတယ်။

ဗိုက်ဆာနေတာလားလို့ အစားစားကြည့်တယ်။
မဟုတ်ဘူး။
အင်တာနက်သုံးတယ်။
စိတ်မပါဘူး။
TVကြည့်တယ်။
စိတ်မဝင်စားဘူး။

မင်းလေး ကိုယ့်ကို အပိုင်သိမ်းလိုက်ပြီလားကွာ။
မင်းဘယ်လို လုပ်လိုက်တာလဲ?

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

နောက်ပိုင်းရက်တွေမှာလဲ လူက ဂဏာမငြိမ်။
ရင်ထဲမှာ မွန်းကျပ်၊ ငါဘာတွေ လုပ်ရမလဲ?

ကလေးနဲ့တွေ့ဖို့ကလဲ မလွယ်။
ဘာအဆက်အသွယ်မှကို မယူခဲ့တာ။
တွေ့တွေ့ချင်း အဲဒိလောက်ထိ ဖြစ်နေကိုတာသိလို့ မယုံကြည်နိုင်ဘူးဆိုရင်ကလဲ...
အစမကောင်းလို့ အနှောင်းမသေချာ ဖြစ်ရတော့မှာ။

ကလေးအတွက်ရော၊ ကိုကြီးအတွက်ပါ
သေချာအောင် ပြန်စစ်ပါအုံးမယ်လေ။
အားကိုးရမယ့် သူငယ်ချင်းကိုယ်တိုင်ကပါ ယုံကြည်ဖို့လဲ အရေးကြီးသေးတယ်။
သေချာသွားရင်တော့ ဆက်ချစ်မှာပေါ့...

အဲဒိလို မင်းကို တမ်းတမိနေတဲ့အခိုက်
တခြားမှာ မင်းပျော်နေမလားလို့ တွေးမိတော့
အားငယ်စိတ်တွေ ဝင်လာတယ်။
ကိုကြီးကမ္ဘာတစ်ခုလုံး ခရမ်းရောင်တွေလွှမ်းသွားပြီး အထီးကျန်ဆန်သွားလိုက်တာ...

ငါ့ကိုယ်ငါတောင် မပိုင်တော့ဘူးလား?
မင်းလေး အစွမ်းထက်လှတယ် ကလေးလေးရယ်...

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

♫♫...တခြားသူဦးမှာလဲ ရင်ထဲ ကြောက်နေခဲ့
အလွမ်းနေ့များစွာ ကိုယ့်အတွက် ဖန်တီးလို့ မပေးပါနဲ့
ကိုယ်ချစ်နေခဲ့ ဒါကို သိရက်နဲ့၊ I LOVE U, GIRLရင်ကို ခွဲမသွားနဲ့...♫♫

ဒီသီချင်းထဲကလို ပြောရအောင်ကလဲ ကိုယ်ချစ်နေတာ သူလေးမှ မသိတာ။
မင်းစတဲ့ဇာတ် မင်းပဲအဆုံးသတ်ပေးဆိုပြီး သူငယ်ချင်းကိုပဲ နားပူနားဆာကျရတော့မယ်။

သွားနေကျနေရာတွေမှာ ရပ်၊ ကြည့်၊ ပြန် လောက်နဲ့တင် ပြီးနေခဲ့တာ။
နေ့စဉ်ရက်ဆက်ဆိုတော့ အချိန်တွေလဲ ကုန်လှပေါ့။
တစ်ယောက်တည်းပဲ သွားလာနေတဲ့ မင်းလေးကို မြင်တော့လဲ၊ စိတ်ထဲမှာ ကျေနပ်မိသေးတယ်။

သူငယ်ချင်းဆီကရတဲ့ GTALK ဓာတ်ပုံလေးနဲ့ပဲ အလွမ်းဖြေနေရုံနဲ့တော့ ဝေဒနာက ပိုဆိုးလာဖို့သာ။
တစ်ခုတည်းသော ဒီဓာတ်ပုံလေးကို printမထုတ်ထားမိလေတော့
monitor screenကို မကြာမကြာ သန့်ရှင်းရေး လုပ်နေရတယ် ကလေးရယ်...

မချစ်လို့ ဝေးရမှာကို ကိုကြီးနားလည်ပေးနိုင်ပေမဲ့ တခြားသူဦးလို့ ဆိုတာမျိုးတော့ လုံးဝအဖြစ်မခံနိုင်ဘူး။

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

♫♫...မင်းနဲ့မှ ကိုယ့်ရဲ့စိတ်တွေ ထိန်းချုပ်လို့ မရတော့ဘူး...ဒါကို သူလေး သိရဲ့လား
ရူးမိုက်တတ်တဲ့ ကိုယ့်ရဲ့အကျင့်တွေ၊ မင်းလေးကြောင့် စိုးရွံ့အားငယ်
အိပ်လို့မရတဲ့ ညပေါင်းများစွာကို ရင်ဆိုင်ကာ ကျော်လွှား...♫♫

မင်းအကြောင်း အိပ်မက်တဲ့ ညတွေဆို
သန်းခေါင်ယံ အချိန်တွေမှာ ငါလန့်နိုးတိုင်း
ငါ့ရင်တွေခုန်နေတတ်တာ...

ဒီလိုညတွေဆို ပြန်အိပ်လို့လဲ မရတော့မယ့်အတူတူ
မင်းလေးနဲ့နီးနိုင်ဖို့ ကြယ်စင်တွေကို လမ်းပြခိုင်းမိတယ်...

ကလေးရယ်
ငါ့ရဲ့ညနဲ့ မနက်တွေမှာ မင်းလေး ငါ့အနားရှိစေချင်တယ်...
you make me fall in love, baby...ယုံပါ

...........းးးးးးးး......♫♫♫...L..O..V..E...♫♫♫.......းးးးးးးး...........

သိပ်ကို သေချာနေပါပြီ။
မင်းလေးကို ကိုကြီး လိုအပ်တယ်။
အပြီးချည်နှောင်လိုက်ဖို့၊
ဘဝတစ်ခုလုံးကို မင်းလက်မှာ ပုံအပ်ဖို့၊
ကိုယ်တိုင်ကိုယ်ကျ မင်းဆီ ဆက်သဖို့ လာခဲ့တော့မယ်။

ကျောက်တောင်တခုလို လွယ်လွယ်နဲ့ ပြိုလဲမသွားနိုင်တဲ့ အချစ်တွေနဲ့ ငါတကယ်ချစ်မိနေပြီ။
ဒါဟာ ဖန်ဆင်းလို့မရတဲ့အရာ ဖြစ်သလို ဖျက်ဆီးလို့လဲ မရနိုင်ဘူး။
အချစ်တွေကို မင်းဆီ အပ်နှင်းဖို့၊ မင်းလေးပေးမဲ့ အကြင်နာတွေကို မျှော်လင့်ပြီး လာခဲ့တော့မယ်။

ကလေးဆီ ရောက်မဲ့လမ်းကို ဦးတည်လိုက်ပါပြီ။
ကြိုပါကွယ်...

8 comments:

မောင်မျိုး said...

Turn On Ideas = အချစ်နှင့်ထိပ်တိုက်တွေ့ဆုံခြင်း

း)

အဆင်ပြေပါစေ

Anonymous said...

ဟားဟား.. ဖတ်ရင်းနဲ့ မရယ်ပဲ မနေနိုင်ဘူး..
ဖတ်လို့ ကောင်းသော အချစ်ဇာတ်လမ်း တစ်ပုဒ်ပါပဲ
KKK

:P said...

အတည်ရေးထားတာလား... ရယ်တော့ရယ်လိုက်မိသေးတယ်...
.
.
ဖိုးသိုးဖတ်သတ် ဖြစ်နေရင် ဇိုးဇိုးဇပ်ဇပ်သာ ချစ်ရေးဆိုပလိုက်ပါတော့.....။ :p

Anonymous said...

အရမ်းနုအရမ်းကောင်းတဲ့...အရေးအသားလေးပါ......ကိုယ်တွေ့ဖြစ်ရပ်မှန်ဆိုတာသိနေတယ်....ဟီး....ဟီး.....အစပဲရှိသေးတယ်မြန်မြန်ဆက်ရေးနော်...စောင့်ဖတ်နေမယ်။

llho

ညိမ်းနိုင် said...

အော်...ခုမှ ချစ်တတ်ပြီပေါ့ ဟုတ်လား...။

ရွှေရတုမှတ်တမ်း said...

ကလေးဆီရောက်မဲ့လမ်းကတော့ မုံရွာကနေ ကလေးဝက်ု မော်တော်စီးပြီး ဆက်သွားရင် ရောက်ပါတယ် ..ဗြစ်ကနဲ ပန်းမထုတ်ပဲ အောင့်ထားနိုင်တာတော့ ချီးကျူးပါတယ်ကွယ်

ဖိုးတုတ် said...

အချစ်ကို Turn On တာလား ..

ချစ်မိုးကြီးရွာနေတာလား ....


ခင်တဲ့

Z

သက်ဝေ said...

ကိုယ်ပိုင်ခံစားချက်ပေါ့လေ....
အခုမှ ဇာတ်လမ်း အစ ဆိုတော့...
စ လယ် ဆုံး ဆက်ရေးပါအုံး...

အရင်နေ့တွေက ဖုန်းနဲ့ပဲ စာဖတ်နေရတာလေ...
ဒီဘလော့ဂ်ကို ဖုန်းထဲမှာ လေးထောင့်တွေပဲ မြင်ရလို့ အခုမှ လာဖတ် မန့်သွားပါတယ်...။