Monday, August 2, 2010

"ဘာလုပ်ရရင်ကောင်းမှာလဲ၊ စိတ်တွေရှုပ်ရင်း ရှင်းမရပါလား"

မောဟ = အမှန်ကို မသိမမြင်နိုင်ခြင်း။
ဒုက္ခ = ဆင်းရဲခြင်း။
နိဗ္ဗာန် = ငြိမ်းအေးခြင်းသဘော (ဉာဏ်ပညာ+လုံ့လ၊ ဝီရိယတို့ဖြင့်သာ ရနိုင်သောအရာ)

ဉာဏ်ပညာဖြင့် မောဟကို ပယ်သတ်၊ ဒုက္ခကို သိမြင်ပြီး လုံ့လ၊ ဝီရိယဖြင့် ကျင့်ကြံအားထုတ်မှသာ အေးငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ။

နိဗ္ဗာန်ဆိုတာ သေလွန်ပြီးမှသာ ရရှိခံစားနိုင်တဲ့အရာမဟုတ်ပါ။

ပြောနေကျတဲ့ လောကနိဗ္ဗာန်ဆိုတာကို နားလည်သဘောပေါက်မိတာက...
၁) ဒုက္ခကို ဒုက္ခလို့ ပညာဉာဏ်ဖြင့် သိမြင်၊
၂) အဲဒိလို သိမြင်လိုက်တဲ့ ဒုက္ခပေါ်မှာ လောဘ၊ ဒေါသ၊ မောဟတွေကင်းတဲ့ စိတ်ထားနိုင်တဲ့ တခဏဟာ၊ လောကနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ တခဏပါပဲ။
၃) ခဏတိုင်းကို ဆက်ကာဆက်ကာ သတိနဲ့နေရင်၊ လောကနိဗ္ဗာန်ကိုလဲ ဆက်ကာဆက်ကာ ရနေနိုင်ပါတယ်။
၎) အဲဒိကနေမှ မမြဲခြင်းတရားဖြစ်တဲ့ အနိစ္စသဘောကို သိမြင်လာနိုင်ပါလိမ့်မယ်။

စိတ်ကို သတိ၊ ဉာဏ်ပညာဖြင့် ထိန်းကွပ်ခြင်း(စောင့်ထိန်းခြင်း)ကို ဝိပဿနာ အလုပ်လို့ နားလည်ပါတယ်။
ဒါကြောင့်... အတိုချုံးပြောရရင်...
"နိဗ္ဗာန်ကို မျက်မှောင်ပြုနိုင်ဖို့ ဝိပဿနာအလုပ်လုပ်ရပါမယ်"

(ဒုက္ခကို မြင်မိလိုက်တဲ့တခဏ ရေးမှတ်ထားချင်စိတ်လေးပေါ်လာတာနဲ့၊ ရေးဖြစ်သွားတာပါ။)

"သည်းခံခြင်းသည် အောင်မြင်ခြင်း"ဆိုတာကို သေချာနားမလည်ခဲ့တုန်းက အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း မခံစားမိခဲ့ဘူး။
အခုတော့ သတိကပ်မိတိုင်း၊ လောဘ၊ ဒေါသ၊ မောဟတွေဖြစ်နေတဲ့စိတ်ကို ထိန်းကွပ်ဖို့၊ အများဆုံးအသုံးပြုဖြစ်နေတဲ့ စိတ်ခွန်အားတွေပေးတဲ့ ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးတည့်နေခဲ့ပြီ။

လိုအပ်တာထက် ပိုချင်တဲ့ ဆန္ဒတွေကြောင့် ဖြစ်လာတဲ့
--- အိပ်ချင်တဲ့စိတ်ကို သည်းခံ၊
--- စားချင်တဲ့စိတ်ကို သည်းခံ၊
--- သွားချင်တာ၊ နေချင်တာ၊ ...ချင်တာ၊ ...ချင်တာ...တွေကို သည်းခံနိုင်မှ
လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာတွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

စာရေးနေရင်းနဲ့တင်ပဲ စိတ်တွေ ခဏခဏလွတ်နေပြန်တယ်...
အဲဒိလွတ်သွားတဲ့ စိတ်ထဲ ဝင်သွားတဲ့ အတွေးကတော့ "ဘဝရှုပ်ရင် အတွေးတွေရှုပ်မယ်"
အရှုပ်တွေထဲမှာ ရှင်းအောင်နေဖို့ "ရိုးရှင်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့"

7 comments:

Anonymous said...

မှန်ပါပေတယ်.. သူငယ်ချင်း..
တောထွက်တော့မှာလား... ကြိုပြောဦးနော်.. :P
KKK

သက်ဝေ said...

ဘလော့ဂ်လေး လှသွားပြီ...း))
ရေးပေတော့... တရက် တပိုစ့်...

TURN-ON-IDEAS said...

KKK >>> ဒုက္ခတွေကို မြင်ကြားသိလိုက်ရတဲ့ခဏ ရေးလိုက်မိတာပါ...သူငယ်ချင်း
အစ်မသက်ဝေ >>> လာဖတ်တာ ကျေးဇူးပါ...
တရက် တပို့စ်ဆိုရင်တော့ kill me asap...:P
အစ်မလို ကလောင်ထက်အောင် အရင် သွေးလိုက်အုံးမယ်လေ...

ညိမ်းနိုင် said...

တစ်နေ့တစ်ပုဒ် မဟုတ်တောင် သုံးရက်တစ်ပုဒ် တော့ လုပ်ပေါ့ဗျာ...နော့

khin oo may said...

ခဏခဏတော့ မလုပ်ပါနဲ့ ..

TURN-ON-IDEAS said...

အစ်မခင်ဦးမေ အားပေးတယ်လား?

Anonymous said...

မီးများနဲ့ကင်းဝေးရာ ငါ မီးထွန်းပီးတော့လိုက်ရှာ