Wednesday, August 11, 2010

“ငွေဝယ်ကျွန်တဲ့လား”

"ပညာတော်သင် သီးသန့် သွားတာ မဟုတ်ပဲ တခြားမှာ အလုပ်နဲ့ သွားသမျှ ငွေလိုချင်လို့ မဟုတ်လား... ဒါဆို 'ငွေဝယ်ကျွန်' ပဲ..."
အဖြေ = “မှားးးးတယ်”၊ “သိပ်ကို မှားတယ်”၊ “အရမ်းကို မှားတယ်”၊ “အကြီးကြီးမှားတယ်”။

ငါတို့ လိုချင်တာ၊ လိုအပ်တာ ငွေ၁ခုတည်းလို့ထင်နေလား???

“ပညာတော်သင် သီးသန့်သွားတယ်”ဆိုပါလား...

ကဲ ဒီခေါင်းစဉ်အောက်မှာပဲ ဆွေးနွေးကြရအောင်...

အဲဒိ ပညာတွေသင်ပြီး၊ ငွေဝယ်ကျွန်မလုပ်ပဲ (အထက်မှာ ပြောသလို(ကျွန်တော်ပြောတာမဟုတ်)) မြန်မာပြည်ပြန်မယ်ဗျာ...

သင်ယူခဲ့တဲ့ ပညာတွေကို...
--- ဘယ်နေရာတွေမှာ သွားပြီး အသုံးချရမလဲ?
(ထားပါတော့... နိုင်ငံတကာ အဆင့်မှီတံတားကြီး ၁စင်းဆောက်ကြပါစို့)
--- ဒီတံတားကြီးကို နိုင်ငံတကာအဆင့်မှီ ဆောက်ခွင့်ပြုမယ်ထင်သလား?
--- ကိုယ်လုပ်ရမဲ့ အလုပ်တာဝန်တွေကို တစိုက်မတ်မတ် လုပ်ကိုင်နိုင်မယ်လို့ ထင်သလား?
--- တတ်မြောက်ထားတဲ့ ပညာတွေကို စနစ်တကျ အသုံးချခွင့်ရှိမယ်ထင်သလား?
ဆိုတဲ့ လားပေါင်းများစွာနဲ့ အဓိပ္ပာယ်မရှိတဲ့ တားမြစ်ချက်တွေ ပိတ်ဆို့မှုတွေနဲ့...

ကဲ အဲဒိ ပညာတော်သင်ကြီး ဘာတွေလုပ်နေရလိမ့်မယ် ထင်သလဲ...
တကယ့်ပညာရှင်တစ်ယောက်ဟာ ဒီလိုနေရာမျိုးမှာ အရည်အချင်းတွေ ချပြခွင့် မရနိုင်ဘူး။

ပညာကို တန်ဖိုးထားတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့လူတွေအတွက် ဘယ်လိုနေရာမျိုးဟာ မနေသင့်တဲ့ အရပ်လဲ???

နှစ်ပေါင်းမြောက်များစွာ အရည်အချင်းမပြည့်မှီတဲ့ ပညာရေးကို အစစအရာရာ ချို့တဲ့စွာသင်ကြားလာခဲ့ရသူတွေဟာ ဒီလိုနေရာဒေသမျိုးမှာ မိမိတို့ရဲ့စိတ်ဓာတ်ကို မနည်းကို တည့်မတ်ပြီး ထိန်းကျောင်းလာခဲ့ရတာပါ။

မြန်မာပြည်ထဲမှာ... ကျန်ရှိနေသေးတဲ့၊ ပညာကို တကယ်လိုလားတဲ့၊ အခွင့်အလမ်းတွေမရှိသေးတဲ့ လူငယ်တွေ စိတ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လောက်တောင် ထိရှနေကြပြီလဲ။

ဘယ်နှယောက်တောင့်ခံထားနိုင်သေးလဲ?
ဘယ်နှယောက်ကတော့ ဖြစ်သလို ရေစုံမျောလိုက်ပြီလဲ (သို့) မိုးခါးရေသောက်လိုက်ကြပြီလဲ?

ဒီလို အခြေအနေတွေထဲမှာ ကြီးပြင်းလာတဲ့ ပညာကို တကယ်လိုလားသူတွေ...
ပညာတော်သင်အခွင့်အလမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊
ဒါမှမဟုတ်...
တတ်ထားသမျှ ပညာကို အသုံးချခွင့်ရနိုင်မယ့်၊ ထိုက်သင့်တဲ့ (ဒီမှာ မိဘကိုလုပ်ကျွေးဖို့လောက်ပဲ ထားပါ) လခရနိုင်တဲ့ လုပ်ငန်းခွင်မျိုးမှာ အလုပ်လုပ်ဖို့အခွင့်အရေးရလာပြီဆိုပါစို့...

အဲဒိလူငယ်ဘယ်လိုဆုံးဖြတ်မလဲ?
၁)နိုင်ငံအတွင်းမှာပဲ စိတ်တွေနာကျင်ထိခိုက်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ စိတ်ဒဏ်ရာတွေနဲ့နေမလား...
၂)ကိုယ့်ကျင့်တရားကို အပျက်စီးခံပြီး မိုးခါးရေသောက်မလား...
၃)အဲဒိ အခွင့်အလမ်းကိုပဲ လက်ခံပြီး မိဘကျေးဇူးကို (မသေခင်လေး) ဆပ်ချင်လား၊ အနာဂတ်အတွက် စတင်တည်ဆောက်မလား...
ကဲ ဆုံးဖြတ်ပေးပါအုံး!!!

နံပါတ်(၃)အချက်ကို လက်ခံလိုက်ပြီဆိုပါစို့...
--- ကံအကြောင်းမလှလို့ ဒီလူငယ်ဟာ အလုပ်သမားတစ်ယောက် ရပိုင်ခွင့်တွေကို မတရားချိုးနှိမ်တဲ့ နေရာမှာ လုပ်နေရမှာမျိုး ဖြစ်နိုင်ပါတယ်...
--- အဆင့်မမှီတဲ့ ပညာရေးကြောင့် အရည်အချင်းမပြည့်မှီခဲ့လို့ တာဝန်ဝတ္တရားတွေကို ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်တဲ့အတွက် စိတ်ဓာတ်ကျနေတာမျိုးလဲ ဖြစ်နိုင်သေးတယ်...
--- english မကောင်းလို့ အများသူငှာနဲ့ ဆက်ဆံတဲ့ နေရာတွေမှာ နားလည်မှုလွဲနေလို့၊ အထင်သေးခံနေရတာမျိုးတွေ ရှိနေလား...
--- အထက်က အချက်တွေက အရမ်းဆိုးဝါးနေတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင်က စိတ်ဓာတ်ပျော့ညံ့၊ ဆတ်ဆတ်ထိမခံတာကြောင့်လား...

အဲဒိ အခက်အခဲတွေအတွက်တော့ ကျွန်တော် ခံယူထားတဲ့ စိတ်ဓာတ်၊ အတွေ့အကြုံတွေနဲ့ပြောရရင်...
ကိုယ့်မှာ ဘယ်လိုအရည်အချင်းတွေ လိုနေလဲ...
လိုတာအကုန်ဖြည့်... ဒါပဲ။(စိတ်ပိုင်းဆိုင်ရာ ရောပေါ့)

ကံအရမ်းကောင်းနေချိန် မိမိလိုချင်တဲ့ high-salary-positionအတွက် offerရတယ်ဆိုပါစို့...
(interviewerဟာ အချိန်ပိုင်းလေးအတွင်းမှာသာ လူတစ်ယောက်ရဲ့ အရည်အချင်းကို ခန့်မှန်းရတာပါ။)
တစ်လ ၃၀၀၀လောက် ရနိုင်တဲ့ အလုပ်သမားဟာ တစ်လကို လခ၅၀၀၀ရတဲ့(ဒီမှာ ကျန်တဲ့ အလုပ်သမားအခွင့်အရေးတွေကိုလဲ ရနိုင်တဲ့)အလုပ်မျိုးမှာလုပ်နေရလဲ အလုပ်မှာ အရည်အချင်းမပြည့်မှီရင် လခများများနဲ့ အခွင့်အရေးတွေ မဆုံးရှုံးရပေမဲ့ သူဟာ စိတ်ဖိစီးမှုတွေ ရနေမှာပါ...
ဒီလိုဆို... အလုပ်ပြောင်းချင်ပြောင်း၊ (သို့) မပြောင်းဘူးဆိုရင်.. အချိန်ကျလာလို့ မိမိအရည်အချင်းပြရတော့မယ်တဲ့အခါ အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်ထားပေတော့။
၅၀၀၀ပေးထားရင်တော့ ၅၀၀၀နဲ့တန်တဲ့ အရည်အချင်းတော့ရှိမှဖြစ်မှာ...
လခများပေမဲ့ responsibilities သိပ်မများတဲ့၊ တာဝန်အရမ်းမကြီးတဲ့ အလုပ်တွေလဲ ရှိကောင်းရှိနိုင်ပါတယ်။
(ဒီလိုဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲ)

အကောင်းဆုံးကတော့...
မိမိကိုယ်ကို မလိမ်ညာပဲ၊ အမှန်အတိုင်းမြင်၊
ပြီးရင် လိုတဲ့အရည်အချင်းတွေကို ဖြည့်ပေတော့...
(ကိုယ်လိုချင်သလောက်လေ... supervisor လောက်ဖြစ်ချင်ရင် supervisor လောက်အရည်အချင်းရှိအောင်ကြိုးစား၊ manager ဖြစ်ချင်ရင်လဲ ဒီလိုပဲပေါ့...)
နောက်တခုက လစာ - အဲဒါကတော့ အင်မတန် ရှင်းပါတယ်။ ကိုယ်ရတာ တန်တယ်ထင်ရင်ဆက်လုပ်၊ ကိုယ်က Over qualified ဖြစ်နေလို့ မတန်ဘူးထင်ရင် တူတူတန်တန် ပေးနိုင်တဲ့ ကုမ္ပဏီရှာ...ဒါပါပဲ။

ကိုယ့်မှာ...
---အရည်အချင်းမရှိလို့၊
---ရှိအောင်လဲ မကြိုးစားလို့၊
--- ကြိုးစာရဲ့သားနဲ့ ကံမကောင်းသေးလို့ (ဒါကတော့ ကိုယ့်ပြုခဲ့သမျှလေ၊ ဒီလိုဆိုလဲ ကောင်းတာများများလုပ်ပြီး မကောင်းတဲ့ကံတွေ လျော့နည်းအောင် ကြိုးစားနိုင်ပါသေးတယ်)
သူများတွေလောက် ကိုယ်မဖြစ်နိုင်သေးရင်လဲ အောင်မြင်နေတဲ့ လူတွေကို ရန်လိုနေမဲ့အစား မုဒိတာပွားပြီး ကိုယ့်မှာလိုတာလေးကို ဖြည့်ပေါ့ဗျာ။

ပညာတော်သင်သီးသန့်သွားခဲ့တဲ့သူ ငွေဝယ်ကျွန်အဖြစ်မခံပဲ မြန်မာပြည်ပြန်ပြီး ဘာတွေလုပ်မလဲ စိတ်ဝင်စားလို့ပါ။

လူတစ်ယောက်အတွက် အရေးအကြီးဆုံးက ကိုယ့်ကျင့်တရားပါ။

အစ်မချစ်ကြည်ရဲ့ ပို့စ် "ဘာဖြစ်ချင်တာလဲ"နဲ့ ပတ်သတ်တဲ့ ကွန်မန့်၁ခုကို (မိမိသိသလောက်) ပြန်လည်ဖြေရှင်းခဲ့မိတာလေး အမှတ်တရသိမ်းထားလိုက်တာ...


ချစ်ကြည်အေး: ဘာဖြစ်ချင်တာလဲ...

နောက်ဆက်တွဲပါ...
"ငါေ၇းထားတာ နိုင်ငံခြားကို သွားသူတွေထဲမှာ ပညာသွားသင်သူလား ၊ ပိုက်ဆံအတွက် အလုပ်သွားလုပ်သူလား ကို ပြောထားတာ..."
ကဲပါဗျာ... အေးဆေးပေါ့...
ကျွန်တော်ပြောခဲ့သလိုပဲ... ကိစ္စက နက်နဲလေ အတိုးချုံးပြောဖို့ခက်ခဲလေပါပဲ...
ဒါတောင်မှ ကျွန်တော်အများကြီး ရှင်းပြခဲ့တာပါ...
(နောက်တစ်ခါ ထပ်ပြောချင်စိတ် မရှိတော့မှာစိုးလို့)

တကယ်က အဲဒိကိစ္စကိုပဲ အဓိကထားပြီး ရှင်းပေးခဲ့တာ...
ပညာတော်သင်သပ်သပ်သွားတဲ့လူလဲ ဒီပညာတွေအသုံးချရအုံးမယ်လေ...
ဒါကြောင့် နောက်ဆုံးကျ ကိုယ်တတ်ထားတဲ့ ပညာတွေကို အသုံးချဖို့ ကိုယ်ကျင့်တရား ပျက်စရာမလိုတဲ့ အလုပ်၁ခုကို ရွေးချယ်ရမှာ...

ဒီလိုဆိုရင် ပညာတော်သင်အတွက်ပဲ နိုင်ငံခြားထွက်လာလာ၊ ငွေရှာဖို့ပဲ ထွက်လာလာ ကိုယ်တတ်ထားတဲ့ပညာတွေ အသုံးချဖို့ အလုပ်လုပ်ရမယ်...
ကဲ နောက်ဆုံးတော့ တူညီတဲ့ ခေါင်းစဉ်၁ခုအောက်ရောက်သွားတာပါပဲ...
ဒါကြောင့်လဲ ကျွန်တော်က အဲဒိအလုပ်အကြောင်းနဲ့ပဲ အဆုံးသတ်ပေးခဲ့တာပါ...

ဒီအတိုင်း အလုပ်ရှာဖို့သပ်သပ်၊ ငွေရှာဖို့သပ်သပ်(ခင်ဗျားပြောသလို) လာခဲ့လဲ ဘာဖြစ်သေးလဲ...
သူ့ရဲ့ လာရခြင်းရည်ရွယ်ချက်သာလျှင် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးပဲ...

အခွင့်အလမ်းတွေ ပိတ်ဆို့နေတဲ့ ဒီလိုနိုင်ငံမျိုးမှာ... အရွယ်ရောက်နေတဲ့ လူတစ်ယောက် (မိဘက ကိုယ့်ကို လိုအပ်နေတဲ့အချိန်မျိုးဖြစ်နေပြီ) မိဘတွေ မသေခင်လေး တတ်နိုင်သလောက် ထောက်ပံ့ဖို့ လာပြီးငွေရှာတယ်ဗျာ...
အနာဂတ်အတွက် စတင်တည်ဆောက်ချင်လို့၊ မိုးခါးရေ မသောက်ချင်လို့ လာတယ်ဗျာ...
အဲဒါ ဘာဖြစ်တုန်း...

နိုင်ငံခြားကို ပညာတော်သင်နဲ့မဟုတ်ပဲ ဒီအတိုင်းအလုပ်လာရှာ၊ ပြီးရင် ကိုယ့်မှာ အရည်အချင်းရှိသလောက် (များသောအားဖြင့်တော့ တကယ်အရည်အချင်းရှိမယ်ဆိုရင် အချိန်တန်တဲ့အခါ) ထိုက်တန်တဲ့ အလုပ်၁နေရာရကြပါတယ်...

ကျွန်တော်သိတဲ့ တစ်ချို့ဆိုရင် အခြေအနေအကြောင်းကြောင်းကြောင့် ပညာတော်သင်နဲ့ မလာရပေမဲ့ တကယ်အရည်အချင်းရှိတော့ ချပြခွင့်ရ၊ ထိုက်တန်တဲ့ အလုပ်တွေရနေတာ...ပညာတော်သင်နဲ့လာခဲ့တဲ့ လူထက်တောင်မှ နေရာကောင်းရနေသေး...

ကဲ အဲဒိလိုလူမျိုးကလဲ သူ့မှာ လုပ်သက်အတွေ့အကြုံနဲ့ further studyအတွက် လိုအပ်မယ်ဆိုလဲ တက်ဖို့အခွင့်အလမ်းရှိသေးတယ်...
ဒါဆိုရင် ပညာတော်သင်ဘဝတောင်ရနိုင်သေး (ခင်ဗျား အထင်တကြီးနဲ့ အော်နေတဲ့ ဘဝ)...
မတက်ဖြစ်ရင်လဲ ဒါသူ့ရဲ့ဆုံးဖြတ်ချက်ပါ...တော်ကြာ အရည်အချင်းမပြည့်မှီဘူး ထင်နေအုံးမယ်...

လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ပိုင်အရည်အချင်းကိုသာ တန်ဖိုးထားစမ်းပါ...
ဒီလောက်ဆို ရလောက်ပြီထင်တယ်...

အစ်မချစ်ကြည်ရဲ့ ချစ်ကြည်အေး: ဘာဖြစ်ချင်တာလဲ... ပို့စ်ရဲ့ ကွန့်မန့်တွေထဲက ကျွန်တော်ကြိုက်တာလေးတွေ ယူထားတယ်...

အစ်မသက်ဝေ said...
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ... လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ စိတ်ကောင်း စေတနာကောင်းလေးထားပြီး (ကျွန်ခံနေရတယ်လို့ မြင်စရာ မလို) ကြည်လင်တဲ့ စိတ်ကလေးနဲ့ လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ပါပဲ...

အစ်မ SHWE ZIN U said...
မရွှေစင် အလုပ်လုပ် တုန်းက နေမကောင်းလည်း သွား off ရက်လည်း အလုပ်စိတ်မချ ဆိုတော့ ကိုယ့်အားရက် တောင် ကိုယ် ကောင်းကောင်း မနေရအောင် ကျွန်စိတ် ရှိတယ်လို့ ပြောကြတယ် ဟုတ်ဘူး လို့ အဲဒါမှ ကိုယ့် အလုပ် လို သဘောထားတဲ့ သခင်စိတ်ပါလို့

Mr. Z said...
အမှန်ကတော့ ကျွန်ဖြစ်တယ် မဖြစ်တာဆိုတာထက် ကိုယ်ပိုင်ခံယူချက်မှာပေါ်မှာမူတည်ပါတယ် စိတ်မထားတတ်ရင်တော့ အားလုံးအပေါ်မှာ ရန်သူလို.သဘောထား အားလုံးကို မကောင်းတဲ့ အမြင် နဲ. မြင်ကြတယ်လို.ထင်မိပါတယ် အဲဒီ့လိုလူမျိုးဟာ အမေရိကားလို ဥရောပလို နိုင်ငံမျိုးရောက်သွားရင်လည်း ကြေနပ်နိုင်မဲ့လူစားမျိုးမဟုတ်ပါဘူး

ကျွန်လိုစိတ်ထားရှိတာ မရှိတာထက် ကိုယ်အတွက်ကောင်းမယ်ထင်တယ် ကိုယ့်ဘ၀တိုးတက်မယ်ထင်လို. နိုင်ငံခြားမှာ အလုပ်လုပ်နေကြတာပါ ကျွန်တော်ကိုယ်တိုင်လည်း မလုပ်နိုင်ဖူးထင်ရင် မတရားဖူးလို.ထင်ရင် အချိန်မရွေး မြန်မာပြည်ကိုပြန်သွားမှာပါ

နိုင်ငံခြားမှာလာလုပ်နေတဲ့သူတွေက ကိုယ်သဘောနဲ.ကိုယ်လုပ်နေကြတာဖြစ်ပြီး မတရားဖူးထင်ရင် ကိုယ့်ကိုကိုယ်ကျွန်လုပ်နေရတာလို. ထင်မိရင် မည်သူမဆိုလွတ်လပ်စွာပြန်နိုင်ကြပါတယ် ဘယ်သူ.မှတော့ ခယအောက်ကြို.ပြီး မပြန်ပါနဲ.လို.တားကြလိမ့်မယ်လို.မထင်ပါ

အစ်မချစ်ကြည်အေး said...
ဘာဆိုဘာမှ Transparency မရှိ၊ စည်းစံနစ်မရှိတဲ့ အနေအထား အဲလို အခြေအနေမျိုးမှာ ကိုယ်လိုချင်တာရဖို့ သွားဖြဲပြရ၊ ကျွေးမွေးရ ဒါမျိုးတွေနဲ့ ကင်းချင်တဲ့ ကျမ စရိုက်ကြောင့် မဖြစ်နိုင်တာ...

TZA said...
ကိုယ့်ကိုကိုယ် ပိုင်နေသရွေ့ သခင်လည်းကိုယ် ကျွန်လည်းကိုယ်ပဲ။

ကလူသစ် said...
မချစ်ကြည်အေးသူငယ်ချင်းအင်ဂျင်နီယာကို ပြောလိုက်ပါဗျာ။ မြန်မာပြည်ပြန်ပြီး အေးအေးလူလူ ကျွန်လိုမလုပ်ရပဲ (သူသတ်မှတ်ထားတဲ့ ကျွန်)နေနိုင်တယ်ဆိုရင်လဲ မြန်မြန်သာပြန်ပါလို့။ ပြန်နေလို့မဖြစ်ဘူး။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ရတယ်ဆိုရင်လဲ ဟိုတွေး ဒီတွေးနဲ့ ထပ်ပြီး ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခမပေးပါနဲ့လို့။

9 comments:

Anonymous said...

Totally agree with you, my friend....
Exactly same idea..
KKK

Anonymous said...

နိုင်ငံခြားမှာ နေရတာ လူမျိုးခွဲခြားမှုတို့၊ အသားရောင်ခွဲခြားမှုတို့၊ နိုင်ငံခြားသားချင်းအတူတူ ဆင်းရဲတဲ့နိုင်ငံက လူကိုမှ နှိမ်ချင်တာတို့ ကြုံရပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတိုင်း မကောင်းဘူး မပြောပါဘူး။ ကြင်နာတတ်သူ၊ စိတ်ထားကောင်းသူတွေဆီက အားပေးမှုနဲ့ အကူအညီတွေလဲ ရခဲ့ပါတယ်။ မြန်မာပြည်မှာ အိန္ဒိယက လာတဲ့သူကို နှိမ်ပြီး တရုတ်ဆို မနှိမ်တာကို ခုမှ ပိုနားလည်ပြီး ပြည်တွင်းက အရာကြီးတို့ အမားတို့ ခံစားချက်ကို ကိုယ်ချင်းစာတတ်လာတယ်။

ဒါပေမယ့် နိုင်ငံခြားမှာ မနေရင် ကျွန်မအဖေနဲ့ မောင်နှမတွေကို ဘယ်သူက ရှာကျွေးမှာလဲ။ ဒီအဖြေတစ်ခုနဲ့တင် နိုင်ငံခြားမှာ ကျွန်ခံတယ်ပြောပြော ကျွန့်အဖေ ခံတယ်ပြောပြော ဆက်နေရ ဆက်ရုန်းကန်ရမှာပဲ။

ကျွန်မ စိတ်ထဲမှာ တစ်ခုပဲ ထားတယ်။ ငါ ပျော်ပျော်မပျော်ပျော် ဘယ်လောက်ပဲ စိတ်ဆင်းရဲ စိတ်ဖိစီးပေ့စေ ငါ့အဖေကို ရှာကျွေးနိုင်မယ့် နေရာမှာ နေကိုနေရမယ်လို့။ ဝမ်းနည်းစရာတွေ မျက်ရည်ကျစရာတွေလဲ နိုင်ငံခြားမှာ အကြိမ်ကြိမ် ကြုံရတာပေါ့။ ဒါပေမယ့် မိဘအတွက် ဆိုတာတစ်ခုနဲ့ပဲ လာသမျှဒုက္ခ ခံရမယ်ဆိုပြီး တောင့်ခံပါတယ်။

အထီးမကျန်ဘူးလားမေးရင် ကျန်တာပေါ့။ ဒီဒဏ်မခံနိုင်လို့ ကိုယ် အိမ်ထောင်ပြုလိုက်ရင် အဖေ့ကို ဘယ်သူ ရှာကျွေးမှာလဲ။ သားမက်လုပ်စာဆိုတာ သမီးလုပ်စာလောက် တစ်ပြားမကျန် ယူလို့ကောင်းမလား။ ဒီတော့ အထီးကျန်လဲ ဘာထွက်ပေါက်မှ မရှာရ၊ ကျန်ပေ့စေဆိုပြီး ငုံ့ခံရတာပဲ။

လူချင်း ကံချင်း မတူကြပါဘူး။ ကျွန်မဘဝက ဘယ်နေနေ အခက်အခဲများပြီး ကြမ်းတမ်းခဲ့ပေမယ့် အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု ကျွန်မထက် ပိုကောင်းသူတွေ ကျွန်မထက် အဆင်ပြေချောမွေ့ကြတာ ဝမ်းသာစရာ တွေ့ရပါတယ်။ ကံဆိုတာ ရုန်းကန်ရလေ ပိုသိလေပဲ။ ကံကောင်းအောင် ဒါနသီလဘာဝနာနဲ့ ကံကို ပြုပြင်တာ အကောင်းဆုံးပါ။ ဒီနည်းကို စောစောက တိခဲ့ဘူးလေ။ မသိတော့ ပေါ့ပေါ့ နေခဲ့မိတာပေါ့။ တခြားသူတွေကိုတော့ ဝီရိယနဲ့ ဥာဏ်စွမ်း အစွမ်းကုန် မြှင့်သလို ကံကလဲ (နဂိုကံ ကောင်းပြီးသား ရေကန်အသင့် ကြာအသင့် မိသားစုကလာသူမဟုတ်ရင်) မပါမဖြစ်မို့ သာသနာ ထွန်းကားရာ အရပ်မှာ နေခွင့်ရတုန်း ကုသိုလ်ကောင်းမှု အစွမ်းကုန်လုပ်ပြီး ကံကို မြှင့်ခဲ့ဖို့ အကြံပေးချင်တယ်။

ချစ်ကြည်အေး said...

အဲဒါတွေ.....အဲဒါတွေနဲ့ပဲ.....အရည်အချင်း ဆိုတာတွေ လမ်းဘေးရောက်ကုန် ကြတယ်။ မျက်နှာတွေကို ငဲ့ကွက်လို့ နေရာ ယူထားကြမှတော့ အနှစ်မဲ့ခြင်းတွေ သာ ထွက်ကုန် အဖြစ် ရရှိခဲ့ကြတော့တယ်...။

http://chitkyiaye.blogspot.com/2010/01/blog-post_09.html

သူ့နေရာနဲ့သူ နေရာမပေးတဲ့ ကိစ္စ အဲဒီပိုစ့်မှာ ပါးပါးလေး ချပြခဲ့ဖူးတယ်
ဦးနှောက် ယိုစီးမှု အကြောင်းလဲ ရေးချင်သေးတယ်...

အမရဲ့ပိုစ့်ကို လာဖတ်၊ မန့် ပြီး ပိုစ့်လေး ခုလို တင်ထားတာ ကျေးဇူးတင်လိုက်တာ...စိတ်ဝင်တစား ဆွေးနွေးခဲ့လို့လည်း ဝမ်းသာတယ်။ အမြင်တွေ၊ ခံယူချက်တွေ စိတ်ထားတွေကတော့ ကွဲပြားနေကြအုံးမှာပါပဲ မောင်လေးရေ...

ဘုဘု said...

အ၇ူးတစ်ယောက်နဲ့ ဖင်ခေါင်းကျယ် စိတ်ကြီးဝင် အသိုင်းအဝိုင်းပါလား... ကုသိုလ်ကံ ဆိုတာကို ထည့်မတွက်မိကြဘူးကိုး သနားစ၇ာ .....

“ကျွန်တော့်အကြောင်း”

TURN-ON-IDEAS
အမိမြန်မာပြည်ကို အရမ်းလွမ်းဆွတ်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ပါ...

View my complete profile

တဲ့... ဒါဆို ပြန်ပါလားကွ...

TURN-ON-IDEAS said...

KKK >>> friend, actually, we always try to see the real truth upon situation, accept it and find the best way to live on with good regards as possible as we can...
anonymous >>> လေးစားပါတယ်ဗျာ... ကျွန်တော်လဲ မိဘအတွက်ဆို အမြဲရှေ့တန်းတင် စဉ်းစားတတ်တဲ့ သားတစ်ယောက်ပါ... ရှေးဘဝတွေက လုပ်ခဲ့ဖူးတဲ့ ကုသိုလ်အကုသိုလ်တွေကြောင့် ဒီဘဝဖြစ်လာရတာ... ကောင်းတာတွေပဲ လုပ်နေပေမဲ့ ဆိုးကျိုးတွေပဲ ရနေသေးရင်လဲ "ကိုယ့်ပြုသောကံ ကုသိုလ်ကံ ကိုယ့်ထံပြန်လာသည်"လို့ ကိုယ့်စိတ်ကို သတိပေးထိန်းချုပ်ပြီး ကောင်းသောစိတ်ထား၊ ကောင်းသောလုပ်ရပ်တွေ စဉ်ဆက်မပြတ် လုပ်နိုင်ပါစေဗျာ...
အစ်မချစ်ကြည် >>> လာလည်တဲ့အတွက် ကျေးဇူးပါ... ကျွန်တော့်ဘလော့ဂ်ကတော့ ဘဝတစ်ကွေ့ရဲ့ အမှတ်တရတွေ သိမ်းထားဖို့ အတွက်လောက်ပါပဲ။ ကျွန်တော်က အစ်မတို့၊ အစ်မကေ၊ အစ်မပန်ဒိုရာ၊ အစ်မသက်ဝေတို့လို ဗဟုသုတလဲမများ စာလဲ သေချာမရေးတတ်ဘူး။
အစ်မတို့ရဲ့ အမြဲတမ်းစာဖတ်ပရိသတ်...
ဘုဘု >>> ကျွန်တော်ပြောသမျှတွေမှာ ကုသိုလ်ကံကို ထည့်မတွက်မိတဲ့ စကားမျိုး မပါဘူးလို့တော့ ယုံကြည်ပါတယ်... anyway, ဒေါသထွက်စရာဖြစ်သွားခဲ့ရင် ဆောရီးပါ...

Z said...


T-O-I သို. ........

ပို.စ်အသစ်ကို မျှော်နေပါ့မယ် ....


ခင်မင်စွာဖြင့်

Z

မောင်လေး said...

စာလာဖတ်သွားတယ်..။အစ်မချစ်ကြည်အေး ရဲ့ပိုစ်မှာကတည်းက ညီ့ ကွန်မန့်
ကိုဖတ်ပြီးသားပါ။ခုထပ်ဖတ်သွားပြီ

TURN-ON-IDEAS said...

မောင်လေး > အစ်ကို... ကျေးဇူးပါ

Anonymous said...

သူငယ်ချင်းရေ ကောင်းတယ်၊ ဆက်ရေးပါ။
လင်းက နိုင်ငံခြားမှာ ပညာလည်းသင် အလုပ်လည်းလုပ်။
ကောင်းမှကောင်း

ူllho